ယနေ့ ဩဂုတ်လ ၂၅ရက်နေ့ ရှမ်းပြည်နယ်၊ ကလောမြို့နယ်မှာ ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်းမှာ ပိတ်မိနေတဲ့ အမျိုးသားနှစ်ဦးကို မီးသတ်နှင့် ကြက်ခြေနီအဖွဲ့များက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ဩဂုတ်လ ၂၅ ရက်၊ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ် ၇၅/၀နဲ့ ၇၅/၁ အကြားမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကလောမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်ရဲ့ ခေါင်းခန်းအတွင်း ပိတ်မိနေတဲ့ အမျိုးသားနှစ်ဦးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ ဒဏ်ရာရ အမျိုးသား နှစ်ဦးကို ကလောမြို့ကြက်ခြေနီအသင်းရဲ့ ယာဉ်နဲ့ ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရှိရပါတယ်။
#mercury#mercurynews#မြန်မာ#ယာဉ်တိမ်းမှောက်#ပြည်တွင်းသတင်း