၂၀၂၅၊ဩဂုတ်လ၊၁ရက်
မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ထိုင်းကလပ် ဘူရီယမ်ယူနိုက်တက်အသင်းနဲ့ ခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ်။
ခြေစမ်းပွဲကို သြဂုတ် ၂ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ မှာ ထိုင်းနိုင်ငံ၊ ဘူရီယမ်မြို့ရှိ Buriram City Stadium မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ၂၀၂၅-၂၆ ရာသီ မြန်မာနေရှင်နယ်လိဂ်အပြင် ASEAN Club Championship/Shopee Cup နဲ့ AFC Challenge League တို့လို ပြည်ပပြိုင်ပွဲတွေကိုလည်း ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။
ဒါ့ကြောင့် အသင်းအတွက် နိုင်ငံခြားသားကစားသမား ဖြည့်တင်းမှုအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ထိုင်းလိဂ် ၂ ကလပ် Phrae United အသင်းကနေ ဘရာဇီးတောင်ပံကစားသမား မားသီးယက်စ် ဆူဇာ (Matheus Souza) ကို ခေါ်ယူအားဖြည့်ထားတယ်လို့ သိရပါတယ်။
#mercury#mercurynews#ရှမ်းယူနိုက်တက်#အားကစား#Buriram