Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှမ်းသင်္ကြန်(အကြို)အခမ်းအနား ရန်ကုန်၊ကိုးမိုင်ရှမ်းကျောင်း၌ကျင်းပမည်

—————————————————————-

၂၀၂၆ခုနှစ်၊မတ်လ၊(၂၃)ရက်

ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများရိုးရာသကြင်္န် (အကြို)အခမ်းအနားကို လာမယ့် ဧပြီလ(၄)ရက်မှာကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

ရှမ်းသကြင်္န်အကြိုအခမ်းအနားကို ရှမ်းလူမျိုးတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ဖို့၊ အတူတကွ ပျော်ရွှင်စွာဆင်နွှဲနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာဖြစ်တယ်လို့ဆိုပါတယ်။

အခမ်းအနားကို ကိုးမိုင်၊ ရှမ်းကျောင်းမှာ ဧပြီလ(၄)ရက် နေ့လည် (၂: ၀၀) နာရီမှ ည (၇:၀၀) နာရီအထိကျင်းပမှာဖြစ်ပြီး Dress code အနေနဲ့ Local Traditional Attire (ရှမ်းပင်နီရောင်)ကို ဝတ်ဆင်ပြီးပါဝင်ဆင်နွဲဖို့ဖိတ်ခေါ်ထားပါတယ်။

ကိုးမိုင်ရှမ်းကျောင်း သင်္ကြန်ရဲ့ အသိသာဆုံး ထူးခြားချက်ကတော့ ရိုးရာဝတ်စုံတွေပါပဲ။ လာရောက်ကြသူ အများစုဟာ ရှမ်းဝတ်စုံ (အမျိုးသားဆိုလျှင် ရှမ်းဘောင်းဘီပွ၊ အမျိုးသမီးဆိုလျှင် ရောင်စုံရှမ်းအင်္ကျီနှင့် လုံချည်) များကို အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ကြတာကြောင့် ရှမ်းပြည်နယ်က ပွဲတော်တစ်ခုထဲ ရောက်သွားသလို ခံစားရစေမှာဖြစ်တယ်လို့ သိရပါတယ်။