မျိုးသုဉ်းရန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ကမ္ဘာ့ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ပန်ဒါနီ (Red Panda) လေးများကို မကြာမီကာလအတွင်း တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ ထိန်းသိမ်းမွေးမြူ ပြသတော့မှာဖြစ်ကြောင်း သိရပါတယ်။ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ ယခင်က ပန်ဒါနီများကို ထိန်းသိမ်းမွေးမြူပြသခဲ့ဖူးခြင်း မရှိသေးပါဘူး။
ပန်ဒါနီလေးများဟာ အအေးပိုင်းဒေသက လာပြီး အေးချမ်းမှုကို နှစ်သက်တဲ့ သတ္တဝါငယ်များဖြစ်တာကြောင့် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ)မှာ အဆင်ပြေပြေနှင့် သက်သောင့်သက်သာ နေထိုင်နိုင်စေရန်အတွက် သီးသန့်ပန်ဒါနီအိမ်များကို သေသေချာချာ ပြင်ဆင်ထားလျက်ရှိတယ်လို့ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်က ထုတ်ပြန်ထားပါတယ် ။
တိရစ္ဆာန်ဥယျာဉ်များမှာ ရှားပါး ပန်ဒါနီလေးများကို ထိန်းသိမ်းစောင့်ရှောက် ပြသထားခြင်းရဲ့ ရည်ရွယ်ချက်ဟာ မျိုးဆက်ထိန်းသိမ်းခြင်း၊ သားဖောက်ခြင်း နှင့် မျိုးသုဉ်းခြင်းဘေးအန္တရာယ်မှ ကာကွယ်ဖို့ ဖြစ်ပါတယ်။
ပန်ဒါနီလေးများကို ယခုအခါမှာ MAI လေကြောင်းလိုင်း ခရီးစဉ်အမှတ် 8M-623 ဖြင့် မြစ်ကြီးနားကနေ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ ခေါ်ဆောင်ခဲ့ပြီဖြစ်ပြီး ရန်ကုန်ကနေတစ်ဆင့် တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ကို ဂရုတစိုက်ဖြင့် ခေါ်ဆောင်သွားမယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ပန်ဒါနီ#ပြည်တ္ငင်းသတင်း
