Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှီ၊ ပူတင်နှင့် ကင်ဂျုံအန်းတို့ အမေရိကန်ကို ပူးပေါင်းကြံစည်နေသည်ဟု ထရမ့် စွပ်စွဲ

၂၀၂၅၊စက်တင်ဘာလ၊၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖိန်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့နှင့်အတူ အမေရိကန်ပြည်ထောင်စုကို ဆန့်ကျင်ရန် ပူးပေါင်းကြံစည်နေတယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ထရမ့်က သူရဲ့ Truth Social အကောင့်မှာ “ခင်ဗျားတို့ အမေရိကန်ပြည်ထောင်စုကို ပူးပေါင်းကြံစည်နေကြချိန်၊ ဗလာဒီမီယာ ပူတင်နဲ့ ကင်ဂျုံအန်းတို့ကို ကျွန်တော့်ရဲ့ အနွေးထွေးဆုံး နှုတ်ဆက်စကား ကိုပေးလိုက်ပါ”လို့ ရေးသားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း တရုတ်ကို အမေရိကန်က အကြီးအကျယ် ထောက်ပံ့ခဲ့ကြောင်းနဲ့ အမေရိကန်စစ်သည်များစွာ အသက်စွန့်ခဲ့ရကြောင်းလည်း ထရမ့်က ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ထရမ့်ဟာ ပြီးခဲ့သည့်ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးဖိုရမ်များမှာ တရုတ်၊ ရုရှားနဲ့ အခြားနိုင်ငံများကြား ဆက်ဆံရေး တိုးတက်လာမှုအပေါ် စိုးရိမ်ပူပန်မှု မရှိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ထရမ့်က “မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ တရုတ်က ကျွန်တော်တို့ကို လိုအပ်နေတာပါ။ကျွန်တော် သမ္မတရှီနဲ့ ဆက်ဆံရေးကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူတို့ကို လိုအပ်တာထက် တရုတ်က ကျွန်တော်တို့ကို အများကြီးပိုပြီး လိုအပ်ပါတယ်” ဟုလည်း ပြောခဲ့ဖူးပါတယ်။

#mercury#mercurynews#နိုင်ငံတကာသတင်း#တရုတ်#ရုရှား#မြောက်ကိုရီးယား