———————————————————————————————-
၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၁)ရက်
လာနီညာဆက်ရှိနေလို့ တနင်္သာရီတိုင်းမှာမိုးရွာဖို့ရှိပြီး မန္တလေးနဲ့ဒေသအချို့မှာ ပိုအေးဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်။
ဒီနေ့ဇန်နဝါရီလ(၂၁)ရက် ညနေအထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်တယ်လို့ဆိုပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#ရာသီဉတု#ပြည်တွင်းသတင်း
