Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လာမည့်(၃)ရက်အတွင်း မိုးသည်းထန်၊ရေကြီးမြေပြိုနိုင်သည့်ဒေသ(၇)ခုရှိ

လာမယ့် (၃)ရက်အောက်တိုဘာလ ၇ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်အတွင်း မိုးသည်းထန် ရေကြီးမြေပြိုနိုင်တဲ့ ဒေသ(၇)ခုရှိတယ်လို့သိရပါတယ်။

မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်အရ မိုးရွာသွန်းမှုအများဆုံးအနေနဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ်တို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အနိမ့်ပိုင်းဒေသတွေမှာ ရေကြီးနိုင်တဲ့ဒေသတွေကတော့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တို့ ဖြစ်ပါတယ်။

နေရာကွက်ပြီး မိုးများနိုင်လို့ တောင်ပြို/မြေပြိုခြင်းဖြစ်နိုင်တဲ့ဒေသတွေကတော့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်ဖြစ်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ဖော်ပြထားပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြန်မာ