လီဗာပူးလ်အသင်းဟာ နယူးကာဆယ်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက် (Alexander Isak) ကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ခိုင်လုံတဲ့ သတင်းများက ဖော်ပြကြပါတယ်။
အပိုဆောင်းကြေးများ လုံးဝပါဝင်ခြင်းမရှိတဲ့ ယခုအပြောင်းအရွှေ့ဟာ လီဗာပူးလ်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်လာခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိ အီဆက်ဟာ လီဗာပူးလ်အသင်းနဲ့ ယနေ့ပင် ဆေးစစ်မှုခံယူမှာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ သက်တမ်းရှိမယ့် ၆ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။
#mercury#mercurynews#အားကစား#Isak#လီပါပူးလ်#နယူးကာဆယ်