၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၁)ရက်
ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်မှာ လေပြင်းကြောင့် ညောင်ပင်ပိပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ(၃၁)ရက်၊ ၁၈ ၃၀ အချိန်ခန့်၊ ရှမ်းပြည် နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အမှတ်(၃)ရပ်ကွက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ်(၁၀)ပေခန့်ရှိသော ညောင်ပင်သည် လူနေအိမ်ပေါ်သို့ လဲကျမှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ့ဖြစ်စဉ်ကြောင့် ကျား(၂)ဦး၊ မ(၁)ဦး စုစုပေါင်း(၃)ဦးအနက် ကျား ငယ်(၁)ဦး (သေဆုံး)၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ဆိုပါတယ်။
သစ်ပင်ပိတာကို လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။