———————————-
၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၃)ရက်
နွေဦးကာလနဲ့နွေရာသီမှာ ဖြစ်ပေါ်တက်တဲ့ လေပြင်းဘေးကြိုတင်ကာကွယ်ရေး သတိပေး ချက်ထုတ်ပြန်လိုက်ပြီး နေအိမ်ပြုပြင်ထားနိုင်မယ့်နည်းလမ်းတွေကို ထုတ်ပြန်တယ်လို့ သိရပါတယ်။
လေပြင်းကြောင့် ပြီးခဲ့တဲ့ (၁၁)နှစ်တာအတွင်း နေအိမ်(၂၅၄၁၀၀)ကျော်ပျက်စီးခဲ့ပြီး လူသေဆုံးတာ၊ထိခိုက်၊ဒဏ်ရာရတာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
လေပြင်းတိုက်လို့ အမိုးလန်၊ယိုင်လဲ ပျက်စီးခြင်းမဖြစ်အောင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် အားဖြည့်မွမ်းမံပြင်ဆင်ခြင်းကို အုပ်ချုပ်ရေးအဖွဲ့တွေ၊လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နေအိမ်(၈၆၀၀၀) ကျော်ကို လေပြင်းဒဏ်ခံနိုင်ရေး နည်းပညာဆိုင်ရာတွေကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကျောင်စရစ်ကုန်းကျေးရွာနဲ့ ထုံးဖိုကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော နေအိမ်များနှင့် စာသင်ကျောင်းအား ၂၂.၂.၂၀၂၆ ရက်နေ့၊ ၁၁ ၀၀ အချိန်တွင် တပ်ကုန်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
