Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေပွေလှိုင်းတွေရဲ့အရှိန်နဲ့ လေထုမငြိမ်မသက်မှုတွေကြောင့်မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

—————————————————————————————————–

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၃၀)ရက်

လေပွေလှိုင်းတွေရဲ့အရှိန်နဲ့ လေထုမငြိမ်မသက်မှုတွေကြောင့် အောက်တိုဘာလ(၃၁)ရက်မှနိုဝင်ဘာလ(၅)ရက်မှာ နိုင်ငံတစ်ဝှမ်း မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး‌၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း ၊ မန္တလေး တိုင်း ၊ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း နှင့် အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်လို့ အဆိုပါဒေသတွေရဲ့ ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါရန် သတိပေးနှိုးဆော်ထားပါတယ်။

#mercury#mercurynews#မိုးလေဝသ#ရာသီဉတု#မြန်မာ#ပြည်တွင်းသတင်း