Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေပွေလှိုင်းနှင့်မိုးတိမ်တောင်များကြောင့် မိုးသည်းထန်ပြီးလေပြင်းတိုက်မှုများဖြစ်ပေါ်နိုင်

အခုရက်ပိုင်းမှာ လေပွေလှိုင်းနဲ့မိုးတိမ်တောင်တွေကြောင့် မိုးသည်းထန်ပြီး လေပြင်းတိုက်ဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

လေပွေလှိုင်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ တနင်္သာရီတိုင်း တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်း ဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ တနင်္သာရီတိုင်း ၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်း လျက်ရှိပြီး၊

အဆိုပါ မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြန်မာ#ပြည်တွင်းသတင်း