———————————————————————
လေဖိအားနည်းရပ်ဝန်းဆက်ရှိလို့ ပြည်နယ်နဲ့တိုင်း(၈)ခုမှာမိုးထစ်ချုန်းပြီး နေရာကွက်ပြီးမိုးကြီးဖို့ရှိတယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနမှသိရပါတယ်။
ခုရက်ပိုင်းမှာ မန္တလေး တိုင်းမှာနေရာစိပ်စိပ်၊ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့့်ရခိုင် ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
နောက်ရက်တွေမှာတော့ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ချင်းပြည် နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ မိုးထစ်ချုန်းပြီး နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည် နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်း လျက်ရှိပြီးမိုးသက်လေပြင်းတွေတိုက်ခတ်နိုင်လို့ သတိထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဓါတ်ပုံ_Mercury News
#Mercury#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသ#ရန်ကုန်#မြန်မာ