Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေဖိအားနည်းရပ်ဝန်းနှစ်ခုကြား မြန်မာနိုင်ငံရောက်နေ၍ မိုးသည်းထန်ဦးမည်

၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၆)ရက်

လေဖိအားနည်းရပ်ဝန်းနှစ်ခုကြား မြန်မာနိုင်ငံရောက်နေလို့ ဒေသအချို့မှာ မိုးသည်းထန်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၅ ရက် ည ၈ နာရီမှာ ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းဟာ အိန္ဒိယနိုင်ငံကုန်းတွင်းသို့ဝင်ရောက်ပြီးဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်းဟ, ပင်လယ်ပြင်မှာ ဆက်လက်တည်ရှိနိုင်ကြောင်း WINDY APP, ICON MODEL မှ ကြိုတင်ခန့်မှန်းထားတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဖော်ပြထားပါတယ်။

ဒီခန့်မှန်းချက်အရ မန္တလေးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ဩဂုတ်လ ၁၅ ရက် ည ၈ နာရီ မှ ၁၇ ရက် ည ၈ နာရီအထိ(၄၈ နာရီအတွင်း)မိုးများနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်ကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။


ဒီ့အပြင် မန္တလေးတိုင်း မန္တလေး၊ ပြင်ဦးလွင်၊ တံတားဦး၊ မြစ်ငယ်၊ မြစ်သား၊ ကျောက်ဆည်၊ ဝမ်းတွင်း(သဲတော)၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းမြို့တွေနဲ့ နေပြည်တော်ကောင်စီနယ်မြေအထိအရှေ့ဘက်က တောင်ကြောတွေပေါ်မှာ မိုးများနိုင်တယ်လို့ သိရပါတယ်။