Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်မိုးများမည်

———————————–

၂၀၂၅ခုနှစ်၊ဇွန်၊(၅)ရက်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ အစပျိုးဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်သက်ရောက်မှုကြောင့် မိုးများဖို့ ရှိတယ်လို့ သိရပါတယ်။

(၂၄) နာရီအတွင်း မိုးရေချိန် ၁.၇ လက်မ မှ ၇ လက်မခန့်အထိ မိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော်တို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်တယ်လို့ဆိုပါတယ်။

ဇွန်လ ၁၂၊ ၁၃၊ ၁၄ ရက်နေ့တွေမှာလည်း ဒေသအချို့မိုးများနိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ရာသီဉတု