Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေဖိအားနည်းရပ်ဝန်းအင်အား ပိုမိုအားကောင်းလာနိုင်၍ မိုးကြီးခြင်းများထပ်ကြုံမည်

၂၀၂၅ခုနှစ်၊ဩဂုတ်လ၊(၁၄)ရက်

ဒီနေ့သြဂုတ်လ(၁၄)ရက်မနက်ပိုင်းကစလို့ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး နောက်ရက် တွေမှာ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး မိုးကြီးခြင်းများကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကယား ပြည်နယ်တို့မှာနေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရခိုင် ပြည်နယ်တို့မှာနေရာစိပ်စိပ်နဲ့ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည် နယ်နှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာနေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး၊အဲဒီလို မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက် အနေနဲ့ တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်း ပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ မိုးပိုလာနိုင်တယ်လို့ သိရပါတယ်။

#Mercury#ပြည်တွင်းသတင်း#mercurynews#မိုးလေဝသသတင်း#မြန်မာနိုင်ငံ