အခုရက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး မုန်သုံအားကောင်းတာနဲ့ လေဖိအားနည်းအရှိန်ကြောင့် မိုးပြန်များလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
မိုးသည်းထန်တာနဲ့အတူမိုးသက်လေပြင်းတိုက်တာ၊တောင်ကျရေတွေကြောင့် မြေပြိုတာတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
‘’လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းဖြစ်လာမလားဆိုတာကိုစောင့်ကြည့်ရဦးမယ်။ အခုကာလကတော့ မြန်မာပြည်ကို တော့မလာလောက်ဘူး။မြန်မာပြည်ကို မလာပေမယ့် မိုးကတော့ရွာမယ်။ ကမ်းရိုးတန်းဒေသတွေ ရခိုင်၊တနင်္သာရီ၊ ဧရာဝတီ၊ရန်ကုန်၊ပဲခူး၊ မွန်ကရင်ဒေသ၊ရှမ်းဒေသတွေမှာ မိုးများနိုင်တယ်။ နေရာအလိုက်မိုးကြီးတာ၊ ဒေသအလိုက် မိုးကြီးတာတွေရှိနိုင်တယ်”လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်။
အခုရက်ပိုင်းမှာမိုးကြီးမယ့်ဒေသတွေကိုခရီးသွားရမယ်ဆိုရင် လမ်းခရီးရေကျော်တာ၊တောင်ပြိုမြေပြိုတာတွေ ဖြစ်နိုင် လို့သတိထားသွားလာဖို့ သတိပေးထားပါတယ်။
#Mercury#mercurynews#ပြည်တွင်းသတင်း#မိုးလေဝသ#မြန်မာနိုင်ငံ