Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေဖိအားနည်းရပ်ဝန်း အားလျော့သွားပေမည့် မိုးတိမ်တောင်များကြောင့်မိုးသက်လေပြင်းတိုက်နိုင်

နောက်၂၄ နာရီအတွင်း အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း အားလျော့သွားပေမယ့် မိုးတိမ်တောင်များကြောင့်မိုးသက်လေပြင်းတိုက်နိုင်သေးတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာဖို့ရှိတယ်လို့ သိရပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး၊အဲဒီ့ မိုးတိမ်တောင်တွေရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မိုးလေဝသ#မြန်မာ#ပြည်တွင်းသတင်း