လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကရင် ဘတ်စ် (Karen Bass) ကမနေ့ညက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် မီးရှို့မှုများကြောင့် မြို့တွင်းဧရိယာအတွက် ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီမှ နံနက် ၆ နာရီအထိ အပြင်မထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။
သမ္မတထရမ့်က က လော့စ်အိန်ဂျလိစ်မြို့လယ်ရှိ လူဝင်မှုကြီးကြပ်ရေး စီးနင်းဖမ်းဆီးမှုများကို ဆန့်ကျင်သော ဆန္ဒပြမှုများဟာ ငြိမ်ချမ်းရေးနှင့် အများပြည်သူတည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လူဝင်မှုကြီးကြပ်ရေး စီးနင်းဖမ်းဆီးမှုများကို ကန့်ကွက်သော ဆန္ဒပြမှုများဟာ ပဉ္စမမြောက်နေ့အဖြစ် မြို့လယ်မှာ အကြီးအကျယ် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ကယ်လီဖိုးနီးယားအာဏာပိုင်များကမူ ဖက်ဒရယ်တပ်ဖွဲ့များ ချထားခြင်းနှင့် ပတ်သက်ပြီး သူတို့ကိုအကြောင်းကြားအသိပေးခြင်းမရှိကြောင်း ပြောကြားထားပါတယ်။
လက်ရှိမှာ ကယ်လီဖိုးနီးယား အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂,၁၀၀ ခန့်နှင့် မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ခန့်ဟာ လော့စ်အိန်ဂျလိစ်ဧရိယာမှာ ရှိနေပြီး ရဲနှင့် တပ်ဖွဲ့ဝင်များက ဆန္ဒပြမှုများကို ရာဘာကျည်များ၊ အသံဗုံးများနှင့် သေစေနိုင်ခြင်းမရှိသော လက်နက်များဖြင့် ဖြိုခွဲလျက်ရှိပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#အမေရိကန်#LA