Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လော့စ်အိန်ဂျလိစ်မြို့တွင် လူရာချီဖမ်းဆီးပြီးနောက် ဆန္ဒပြမှု အခြေအနေ ပြန်လည်ငြိမ်သက်

၂၀၂၅၊ဇွန်လ၊၁၂ရက်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့မှာ အင်္ဂါနေ့က ညမထွက်ရအမိန့် (Curfew) ထုတ်ပြန်ခဲ့ပြီးနောက် ယခုအချိန်မှာ ဆန္ဒပြမှု အခြေအနေ အနည်းငယ် ပြန်လည်ငြိမ်သက်လာပါတယ်။

သို့သော်လည်း အမေရိကန်တစ်ဝန်းရှိ အခြားမြို့ကြီးတွေမှာတော့ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ရဲ့ င် ဆန္ဒပြမှုများအတွင်း လူပေါင်း ၄၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသလို ဖမ်းဆီးခံရသူများထဲမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၃၃၀ ဦး ပါဝင်ပါတယ်။ တိုက်ခိုက်မှုနှင့် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် လူ ၁၅၇ ဦး လည်း ပါဝင်ပြီး ရဲအရာရှိတစ်ဦးကို လုပ်ကြံရန် ကြိုးပမ်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

ဆူပူမှုများကို ထိန်းသိမ်းနိုင်ရန်အတွက် သမ္မတ ထရမ့် (Trump) က ချထားပေးခဲ့သည့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၄,၀၀၀ ဦးနှင့် မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ဦးတို့ကို မြို့အနှံ့ ဖြန့်ကြက်ချထားဆဲဖြစ်တယ်လို့ Reuterသတင်းဌာနက ဖော်ပြပါတယ်။

#mercury#mercurynews#အမေရိကန်#LA#နိုင်ငံတကာသတင်း

LOS ANGELES, CALIFORNIA – JUNE 10: California Highway Patrol arrests protestors, who were protesting ICE raids on the 101 freeway, in Los Angeles, California on June 10, 2025. (Photo by Katie McTiernan/Anadolu via Getty Images)