နိုင်ရန်ကြိုးပမ်းနေဆဲဖြစ်ဟုဆို
——————————————————————————————-
၂၀၂၆ခုနှစ်၊မတ်လ၊(၁၉)ရက်
လက်ရှိကာလအထိ ဓာတ်အားရရှိမှု (၇၀)ဒသမ (၄၃)ရာခိုင်နှုန်းရှိပြီး မီးသုံးစွဲသူ (၆၉)သိန်းခန့်ရှိတယ်လို့ လျှပ်စစ်ဝန်ကြီးဌာနမှသိရပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတဲ့ အရင်းအမြစ်အလိုက် တပ်ဆင်အင်အားများမှာ ရေအားလျှပ်စစ်စက်ရုံ ၃၂ ရုံ၊ သဘာဝ ဓာတ်ငွေ့သုံး စက်ရုံ ၂၄ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ ၂ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံ ၁၂ ရုံ စုစုပေါင်း တပ်ဆင်စက်အင်အား ၆၇၂၅ မဂ္ဂါဝပ်ရှိပြီး စက်စွမ်းအားပြည့် မောင်းနှင်နိုင်ပါက ၄၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်တယ်လို့ဖော်ပြထားပါတယ်။
ပြည်သူလူထုရဲ့ တစ်နေ့တာ ပျမ်းမျှဓာတ်အားလိုအပ်ချက်ကတော့ ၄၆၆၄ မဂ္ဂါဝပ်ဖြစ်ပြီးလိုအပ်နေတဲ့ ဓာတ်အားရရှိဖို့ကြိုးပမ်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
နွေကာလသို့ ရောက်ရှိချိန်မှာ ဆည်အတွင်းသိုလှောင်ထားတဲ့ ရေတွေနဲ့ မိုးရွာသွန်းတဲ့ ဇွန်လသို့ ရောက်တဲ့အထိ ဓာတ်အားထုတ်လုပ်နိုင်ရန် ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးရခြင်းဖြစ်ရာ အချို့သော နေရာ/ အချိန်တွေမှာ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း ( Planned Load Shedding) အစီအစဉ်တွေကို (၁၈-၃-၂၀၂၆) ရက်မှ စတင်ပြုလုပ်ရမှာဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဓာတ်အားသုံးစွဲသူမိဘပြည်သူများအား အသိပေးပန်ကြားထားပြီး လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးပါဖို့လည်း မေတ္တာရပ်ခံ ထားပါတယ်။
နှစ်စဉ် ကြားသိနေကျ မီးလောင်မှုတွေမှာ မီးပျက်ချိန် ခလုတ်ပိတ်ဖို့ မေ့လျော့ထားတဲ့ မီးပူ၊ လျှပ်စစ်မီးဖို၊ ဟင်းချက်ဒယ်နီတို့က မီးပြန်လာချိန်မှာ အပူချိန်မြင့်တက်ကာ မီးလောင်မှုများမှာ အများအပြားပင်ဖြစ်ရာ သတိရှိကြမှ မီးဘေးအန္တရာယ်ကင်းဝေးနိုင်ကြမယ်လို့ သိရပါတယ်။
