၂၀၂၄၊ဇူလိုင်လ၊၂၃ရက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ သစ်တောရုံးရှေ့မှာ ဘုရားဖူး Express ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တို့ တိုက်မိခဲ့ရာ ၈ လအရွယ် ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်နဲ့ ရင်သွေးလေးတို့ အသက်ဆုံးရှုံးခဲ့ရတယ် လို့ သိရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီကျော် အချိန်က ကျိုက်ထီးရိုးဘုရားဖူး Express ယာဉ်တစ်စီးက မော်တော်ဆိုင်ကယ်ကို တိုက်မိခဲ့ရာ ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ဝမ်းဗိုက်ထဲက ရင်သွေးလေးတို့ဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာတော့ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ပြီး သေဆုံးသွားတဲ့ အမျိုးသမီးဟာ ဆိုင်ကယ်တိုက်ခံရပြီးနောက် မှောက်လျက်လဲကျကာ ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ဗိုက်ထဲက ကလေးကို ခွဲစိတ်မွေးဖွားခဲ့ပေမဲ့ ကလေးငယ်လည်း အသက်မရှင်ခဲ့ဘူးလို့သိရပါတယ်။သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းတွေကို လှည်းကူးဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့သိရပြီး ယာဉ်မတော်တဆဖြစ်ပြီးနောက် ကားနဲ့တိုက်ခဲ့တဲ့ ယာဉ်မောင်းဟာ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။