Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လှည်းကူးမြို့နယ်တွင် ၅ နှစ်အရွယ် ကလေးငယ် မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ဖြစ်ပွား

၂၀၂၅၊ဇွန်လ၊၁၂ရက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ပြီးပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ကျေးရွာအနီးရှိ ရာဘာခြံမှာ နေထိုင်သူ အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ ကြာအင်းအရှေ့ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ဇင်လင်းထိုက် ဆိုသူဖြစ်တယ်လို့ သတင်းရရှိပါတယ်။

ဇွန်လ ၅ ရက်နေ့က ကလေးငယ်ရဲ့ အသက် ၇ နှစ်အရွယ် သားကို စာသင်ကျောင်းကိုသွားပို့နေတဲ့အတွက် အသက် ၅ နှစ်အရွယ် သမီးငယ်ကို ဘေးနားအိမ်တွင် ခဏအပ်နှံထားခဲ့ကြောင်း၊မိခင်ဖြစ်သူက သားကို ကျောင်းပို့ပြီးနောက် ကြာအင်းအရှေ့ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ပစ္စည်းများ သယ်ယူကူညီနေစဉ် သမီးငယ်ပျောက်ဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားခြင်းခံရကြောင်း၊ကလေးအပ်နှံထားသူအား မေးမြန်းရာသူတို့ အိပ်ပျော်နေချိန်မှာ ကလေးငယ် ပျောက်ဆုံးသွားကြောင်း၊နောက်ဆုံးတွင် ကလေးငယ်ရဲ့ ရုပ်အလောင်းကို တစ်ရွာတည်းနေ ဦးခင်မောင်သန်းရဲ့ ရာဘာခြံအတွင်း ရာဘာခြစ်ရန် သွားရောက်ခဲ့သူတစ်ဦးက လမ်းဘေးလျှိုစောင်း ခြုံနွယ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း၊တွေ့ရှိချိန်မှာ ကလေးငယ်ရဲ့ လိ-င်အ-င်္ဂါမှာ မုဒိမ်းကျင့်ခံရသည့် ဒဏ်ရာများနှင့်အတူ ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။

လက်ရှိမှာ အဆိုပါမှုခင်းနဲ့ ပတ်သက်ပြီးကြာအင်းအရှေ့ကျေးရွာနေ အသက် ၁၆ နှစ်အရွယ် ဇင်လင်းထိုက်ကို လှည်းကူးမြို့နယ်၊ ငါးဆူတောင်နယ်မြေရဲစခန်းမှ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ မုဒိမ်းမှုပုဒ်မ ၃၇၆ တို့ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိပါတယ်။

#mercury#mercurynews#မှုခင်း#ပြည်တွင်းသတင်း#လှည်းကူး

May be an image of 1 person, temple and text