၂၀၂၅ခုနှစ်၊ဧပြီလ၊(၃၀)ရက်
လှိုင်သာယာ၊စက်မှုဇုန်မှာ မနက်အစောကြီး မီးထလောင်Level 1 အဆင့်အထိ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ဧပြီ(၂၉)ရက်၊ ၂၁ ၀၂ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဖန်ချက်ဝန်ဦးမြူးလမ်း၊ အကွက်အမှတ်(၂၃၀)မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များက ငြှိမ်းသတ်ခဲ့ရပြီး၂၁ ၀၈ အချိန်မှာ Level 1 ယာဉ်အုပ်စုကငြှိမ်းသတ်ခဲ့ပြီး ၂၁ ၃၄ အချိန် မီးထိန်းနိုင်ကာ၂၁ ၄၉ အချိန်မှာမီးငြိမ်းသွားတယ်လို့ သိရပါတယ်။
#mercury#mercurynews#ပြည်တွင်းသတင်း#မီးလောင်