ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့နယ်၊ဖာပွန် ကျေးရွာအနောက်ဘက် လှိုင်းဘွဲ့ချောင်းမှာ ရေဆင်းကူးရင်း မိန်းကလေးငယ် သုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)မှ သိရပါတယ်။
ဖာပွန်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၈ နှစ်၊ ၁၁ နှစ်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးငယ် သုံးဦးဟာ ဧပြီလ ၃၀ ရက်နေ့ မွန်းတည့်ချိန်ခန့်က လှိုင်းဘွဲ့ချောင်းအတွင်း ရေဆင်းကူးရင်း မတော်တဆ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။
ဒေသခံများနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းရှာဖွေပြီး ညနေ ၄ နာရီအချိန်မှာ ပထမဆုံး ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ညနေ ၅ နာရီခွဲမှာ ဒုတိယအလောင်း၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းမှာ တတိယမြောက် ကလေးငယ်ရဲ့ အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ သေဆုံးသွားခဲ့တဲ့ မိန်းကလေးငယ် သုံးဦးရဲ့ ရုပ်အလောင်းတွေကို ဘားအံမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီလို့လည်း သိရပါတယ်။
ဓာတ်ပုံ-လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ဘားအံ)
#mercury#mercurynews#မြန်မာ#ဘားအံ#ပြည်တွင်းသတင်း