Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဝက်တင်လာသည့်‌(၆)ဘီးယာဉ် ပြင်ဦးလွင်- မန္တလေးအဆင်းလမ်း၌တိမ်းမှောက်၊လူပိတ်မိ

————————————-

၂‌‌၀၂၅ခုနှစ်၊ဇွန်လ၊(၁၁)ရက်

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်း၊ မိုင်တိုင်အမှတ်(၁၉)မှာ ဝက်များတင်ဆောင်မောင်းနှင်လာသော Canda (၆)ဘီးယာဉ်ဟာအရှိန်အထိန်းနိုင်ဘဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။

ဇွန်(၁၁) ရက်၊ ၁၂ ၄၆ အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီးအဆိုပါဖြစ်စဉ်ကြောင့် ပိတ်မိနေသူ ယာဉ်မောင်းအပါအဝင်ကျား(၃)ဦး(မစိုးရိမ်ရ)ကို ကယ်ဆယ်ခဲ့ရတယ်လို့ဆိုပါတယ်။

ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ခဲ့ပြီး ထာဝရလူမှုကူညီရေးအသင်းနှင့် သန္တိသုခလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ တယ်လို့ သိရပါတယ်။

#mercury#mercurynews#ပြင်ဦးလွင်#ကားမှောက်#ပြည်တွင်းသတင်း