၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၈)ရက်
အိန္ဒိယနိုင်ငံ၊ကီရာလာပြည်နယ်၊အာလာပူဇာကမ်းခြေမှာ ဇွန်လ(၁၇)ရက်က ရေစီးနဲ့မျောပါလာတဲ့ ရု၊ပ်အလော၊င်းတစ်လော၊င်း တွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ဇွန်လ ၉ ရက်နေ့က ကီရာလာကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာမီးလောင်မှုဖြစ်ပွားခဲ့တဲ့ စင်ကာပူအလံ လွှင့်ထားသော “ဝမ်ဟိုင်း-၅၀၃” (Wan Hai-503) သ င်္ဘော မှ ပျောက်ဆုံးနေတဲ့ သင်္ဘောသားလေးဦးအနက် တစ်ဦးဖြစ်နိုင်တယ်လို့ အိန္ဒိအခြေစိုက်Deccan Herald သတင်းစာက ဖော်ပြထားပါတယ်။
“ဝမ်ဟိုင်း-၅၀၃” သင်္ဘောပေါ်မှာ စုစုပေါင်သင်္ဘောသား (၂၂ )ဦး ပါဝင်ခဲ့ရာ( ၁၈) ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး (၄) ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေမှာ ထိုင်ဝမ်နိုင်ငံသား (၂ )ဦး၊ အင်ဒိုနီးရှားနိုင်ငံ သား( ၁) ဦးနဲ့ မြန်မာနိုင်ငံသား( ၁) ဦးတို့ပါဝင်ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အင်္ဂါနေ့ နံနက်ပိုင်းမှာ အာသုန်ကယ် (Arthunkal) အနီးရှိ အာရီရမ်သိုင်း (Ayiramthai) ကမ်းခြေမှာ အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောမှ ကွန်တိန်နာတစ်ခုနဲ့ အသက်ကယ် လှေတစ်စီးတို့ဟာလည်း တနင်္လာနေ့က အာလာပူဇာသို့ မျောပါရောက်ရှိခဲ့သဖြင့် တွေ့ရှိရသော ရု၊ပ်အလော၊င်းဟာ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတွေထဲမှ တစ်ဦးဖြစ်နိုင် ကြောင်း သံသယဖြစ်ပွားရတယ်လို့ ဖော်ပြထားပါတယ်။
တွေ့ရှိရသော ရု၊ပ်အလော၊င်းအား ဆေးစစ်မှုများ ပြုလုပ်ဖို့ ဆေးကောလိပ် ဆေးရုံသို့ ပို့ဆောင်ထားပြီး DNA စစ်ဆေးမှုတွေလည်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Mercury#mercurynews#InternationalNews#SEAMAN