၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၁၂)ရက်
သမ္မတ ဒေါ်နယ်ထရမ့်က ရာဇဝတ်မှုအရေးပေါ်အခြေ အနေ ကြေညာပြီး ဝါရှင်တန် ဒီစီရဲတပ်ဖွဲ့ကို ဖက်ဒရယ်အစိုးရ ရဲ့ထိန်းချုပ်မှုအောက်လွှဲပြောင်းရန်ဆုံးဖြတ်လိုက်တဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ အခန်းကဏ္ဍတွေနဲ့ မဟာ ဗျူဟာတွေကို ရှာဖွေဖို့ ရုန်းကန်နေရတယ်လို့ CNN က သတင်းရင်းမြစ်အများအပြားကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ထရမ့်က တနင်္လာနေ့မှာ အိမ်ဖြူတော်မှာ “ကျွန်တော်တို့ မြို့တော်ကို လူတိုင်းလိုချင်တဲ့ တောက်ပတဲ့မြို့တော်အဖြစ် ပြန်လည်တည်ဆောက်မှာပါပဲ။ အရမ်းထူးခြားတဲ့အရာတစ်ခု ဖြစ်လာမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ထရမ့်ရဲ့ သတင်းစာရှင်းလင်းပွဲမတိုင်ခင်မှာ ဝါရှင်တန်ဒီစီ မြို့တော်ဝန်နဲ့ ရဲမှူးချုပ်တို့ကိုအသိပေးအကြောင်းကြားခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။
ဝါရှင်တန်ဒီစီ မြို့တော်ဝန်နဲ့ ရဲမှူးချုပ်တို့ ဟာ ထရမ့် တိုက်ရိုက်ပြောတာကို ကြည့်ပြီးမှ သိရှိခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
အခုလိုရုတ်တရက်ပြောင်းလဲမှုကြောင့် Metropolitan Police Department (MPD) ကို ဘယ်သူကဉီးဆောင်မယ်၊ ရဲလုပ်ငန်းဆိုင်ရာ မဟာဗျူဟာတွေဘယ်လိုပြောင်းလဲမလဲ၊ရပ်ရွာအခြေပြု ရဲလုပ်ငန်းအတွက် လေ့ကျင့်မထားတဲ့ ဖက်ဒရယ်အေးဂျင့်မျာနဲ့ ဒေသခံရဲအရာရှိများဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာတွေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းမသိရှိကြဘဲရှုပ်ထွေးမှုများဖြစ်ပေါ်နေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။
#Mercury#mercurynews#နိုင်ငံတကာသတင်း#MPD