၂၀၂၅ခုနှစ်၊မေလ၊(၃၀)ရက်
ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို့နယ်ရှိဘုရားလိပ်ကန်အတွင်း ရေဆင်းကူးရာမှ လူ(၁)ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
မေလ၂၉ရက်နေ့၊ ၂၀ ၀၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ စာရေးကုန်းရပ်ကွက်၊ သကျမဟာသီရီဘုရားကြီး လိပ်ကန်မှာ ရေဆင်းကူးရာမှ လူ(၁)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကို ဝါးခယ်မမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀ ၁၅ အချိန်တွင် ကျား(၁)ဦး သေဆုံးအား ဘက်စုံစုပေါင်းကွန်ယက် သူနာတင်ယာဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။