၂၀၂၅ခုနှစ်၊ဇွန်လ၊(၁၄)ရက်
အပူပိုင်းမုန်တိုင်း“ဝူတစ်”(WUTIP)မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့်ဇွန်လ(၁၉)ရက်အထိ မိုးကြီးဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့ညမှ ၁၉-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာနေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊
အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီးမိုးကြီးမှာဖြစ်ပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးမှာဖြစ်တယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတာတွေဖြစ်ပေါ်နိုင်လို့ သတိထားဖို့လိုတယ်လို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#ရာသီဉတု#ပြည်တွင်းသတင်း#မြန်မာ