Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သင်္ဃန်းကျွန်းမြို့နယ် ပန်းတန်းအရှေ့တွင် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွား

၂၀၂၅၊အောက်တိုဘာလ၊၂၂ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပန်းတန်းအရှေ့ဘက်မှာ ယနေ့ (အောက်တိုဘာ ၂၂) ရက်၊ နံနက် ညဉ့်သန်းခေါင်ကျော် ၀၀ နာရီ ၁၅ မိနစ်ခန့်က အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိုက်ခံရသူ အမျိုးသမီးလူနာဟာ ဦးခေါင်းပေါက်ပြဲဒဏ်ရာများနှင့် အခြားဒဏ်ရာများ ရရှိခဲ့တာကြောင့် လူမှူကူညီရေး အသင်းသားများက မြေပြင်မှာ ရှေးဦးပြုစုကုသမှုများ ဆောင်ရွက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

လိုအပ်တဲ့ အကူအညီများပေးပြီးနောက် အဆိုပါ အမျိုးသမီးလူနာအား ရွှေဥက္ကလာကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ စံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ရှင်သန်ရေးကူညီမှုအသင်းက ဖော်ပြထားပါတယ်။

#mercury#mercurynews#မှုခင်း#ယာဉ်တိုက်မှု#မြန်မာ#ပြည်တွင်းသတင်း