ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအနီး၊ ဒဂုံ-သီလဝါလမ်းမကြီးပေါ်မှာ မန်နေ့ (အောက်တိုဘာ ၂၈) ရက်၊ ည ၉ နာရီ ၃၀ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သန်လျင်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယာဉ်တိုက်မှုအပြီး ယာဉ်အတွင်းညပ်နေတဲ့ အမျိုးသား (၁) ဦးကို ည ၁၀ နာရီ ၀၁ မိနစ်အချိန်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ယာဉ်အတွင်းညပ်ပြီး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရအဆင့်) ရရှိခဲ့တဲ့ အမျိုးသား (၁) ဦးကို လောကအလင်းလူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်ဖြင့် သန်လျင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
#mercury#mercurynews#သန်လျင်#မြန်မာ#ယာဉ်တိုက်မှု
