ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ မြို့သစ်အနောက်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်၊ မြို့မဈေးအနီးက မြဟံသာ ရုပ်ရှင်ရုံ မှာ မနေ့က အောက်တိုဘာ ၁၅ရက် ည ၈ နာရီ ၁၇ မိနစ်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှု သတင်းရရှိတာနဲ့ တစ်ပြိုင်နက် သန်လျင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်များက ထွက်ခွာခဲ့ပြီး မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများကို အရေးပေါ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းပြီး ၂၁ မိနစ်ခန့်အကြာ၊ ည ၈ နာရီ ၃၈ မိနစ်အချိန်မှာ မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ ည ၈ နာရီ ၄၃ မိနစ်အချိန်မှာ မီးကို လုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#mercury#mercurynews#မြန်မာ#မီးလောင်#ပြည်တွင်းသတင်း