Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သန်လျင် ကလဲဝဲ တိုးဂိတ်အနီးမှာ အထည်ချုပ်ကားနဲ့ ဆီဘောင်ဆာ ကားတိုက်မှုဖြစ်

၂၀၂၅၊ဩဂုတ်လ၊၁၉ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကလဲဝဲတိုးဂိတ်အနီးမှာ ဒီနေ့ မနက်ပိုင်းက အထည်ချုပ်ကားတစ်စီးနဲ့ ဆီဘောက်ဆာကားတစ်စီးတို့ တိုက်မိခဲ့ပြီး လူကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ယာဉ်တိုက်မှုမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး ဒဏ်ရာများရရှိခဲ့ကြပြီး သန်လျင် လောကအလင်းလူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် ရှင်သန်ခွင့်ဆရာတော် (ရန်ကုန်) လူမှုကူညီရေးအဖွဲ့တို့က သန်လျင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#mercury#mercurynews#သန်လျင်#ယာဉ်တိုက်မှု#ပြည်တွင်းသတင်း