အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ဟာ အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုများအတွက် တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၂ ရက်) ညနေပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသ ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ ခရီးစဉ်မှာ အစ္စရေးနိုင်ငံမှာ ဓားစာခံ မိသားစုတွေနဲ့ တွေ့ဆုံပြီးနောက် အစ္စရေးလွှတ်တော် မှာ မိန့်ခွန်းပြောကြားဖို့ ပါဝင်ပြီး နိုင်ငံပေါင်း ၂၀ ကျော် တက်ရောက်မယ့် အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး ကို တက်ရောက်ဖို့ ပါဝင်ပါတယ်။
ဓားစာခံများ ပြန်လည်လွတ်မြောက်လာချိန်မှာ အစ္စရေးတောင်ပိုင်းရှိ Re’im စစ်အခြေစိုက်စခန်း မှာ မိသားစုတွေနဲ့ ပြန်လည်ဆုံဆည်းကြမှာဖြစ်ပြီး၊ သမ္မတ ထရမ့်က ဓားစာခံတွေကို ကိုယ်တိုင်ကိုယ်ကျ” ကြိုဆိုဖို့ စီစဉ်ထား တယ်လို့ ဒုသမ္မတ ဂျေဒီ ဗန့်စ် က ပြောထားပါတယ်။
#mercury#mercurynews#နိုင်ငံတကာသတင်း#ထရမ့်#အရှေ့အလယ်ပိုင်း#ဂါဇာ