Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သရုပ်ဆောင် ဂျောင်ဆောင်းအီလ် (Jung Sung Il) ဇနီးဖြစ်သူနှင့် ကွာရှင်း

၂၀၂၅၊အောက်တိုဘာလ၊၁၄ရက်

တောင်ကိုရီးယား သရုပ်ဆောင် ဂျောင်ဆောင်းအီလ် (Jung Sung Il)က ၂၀၁၆ ခုနှစ်က လက်ထပ်ခဲ့တဲ့ ဇနီးဖြစ်သူနဲ့ နှစ်ဦးသဘောတူ ညှိနှိုင်းကာ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အေဂျင်စီက ဒီနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သရုပ်ဆောင် ဂျောင်ဆောင်းအီလ်တို့ ဇနီးမောင်နှံမှာ လက်ရှိ အသက် (၉) နှစ်အရွယ် သားလေးတစ်ဦးရှိပြီး၊ ဂျောင်ဆောင်းအီလ်အနေနဲ့ သားဖြစ်သူရဲ့ ဖခင်ကောင်းတစ်ဦးအဖြစ် ဆက်လက် တာဝန်ယူသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။

အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ ဂျောင်ဆောင်းအီလ်တို့ ဇနီးမောင်နှံဟာ အပြန်အလှန် ကျေနပ်စွာဖြင့် သဘောတူညီချက်ရယူကာ ကွာရှင်းခဲ့ခြင်းဖြစ်ကြောင်း၊ကွာရှင်းပြတ်စဲပြီးနောက်ပိုင်းမှာလည်း “ရင်းနှီးသော ဆက်ဆံရေး” ဖြင့် ဆက်လက်တည်ရှိနေမှာဖြစ်ပြီး သားဖြစ်သူကို ပူးပေါင်းပြုစုစောင့်ရှောက်သွားမယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဂျောင်ဆောင်းအီလ်ဟာ Netflix ရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲ “The Glory” မှာ ပါဝင်သရုပ်ဆောင်ပြီးနောက်ပိုင်း ပရိသတ်များကြား ရေပန်းစားလာခဲ့သူဖြစ်ပြီး လက်ရှိမှာ တစ်ခြားသော ဒရာမာဇာတ်လမ်းတွဲများမှာ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခွင့်များရနေပြီဖြစ်ပါတယ်။

#mercury#mercurynews#ကိုရီးယား#အနုပညာ#ဂျောင်ဆောင်းအီလ်#JungSungIl