၂၀၂၅ခုနှစ်၊မေလ၊(၇)ရက်
ဝါရင့်သရုပ်ဆောင်ကြီးတစ်ဦးလည်း ဖြစ်သလို ဒါရိုက်တာ တစ်ဦးလည်း ဖြစ်တဲ့ ဦးမောင်မောင်မြင့်ဟာ ဒီနေ့မနက်(၁၀)နာရီ (၁၅)မိနစ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ရုပ်ရှင်လောကသားတွေထံမှသိရပါတယ်။
သရုပ်ဆောင်ဒေါင်းဝေက”ကောင်းရာဘုံဘဝရောက်ပါစေ ဖေကြီး။ဝါရင့်သရုပ်ဆောင် ဒါရိုက်တာ ဦးမောင်မောင်မြင့် အသက်(၉၃) နှစ် ဒီနေ့မနက်(၁၀)နာရီ (၁၅)မိနစ်မှာ ကွယ်လွန်သွားပြီ”လို့ ရေးသားဖော်ပြထားပါတယ်။
ကွယ်လွန်ချိန်မှာ သူဟာအသက်(၉၃)နှစ်အရွယ် ရှိပြီဖြစ်ပြီး သရုပ်ဆောင် ဦးမောင်မောင်မြင့်ဟာ လူကြီးရောဂါဖြင့် သူချစ်တဲ့မိသားစုနဲ့ အနုပညာလောကကြီးကို စွန့်ခွာသွားခဲ့ပါပြီဖြစ်ပါတယ်။
ဦးမောင်မောင်မြင့်ဟာ သရုပ်ဆောင်ပိုင်း၊ ဒါရိုက်
တာပိုင်းတွေအပြင် ကဗျာဆရာတစ်ယောက် အနေနဲ့ ပရိသတ်တွေ သိရှိထားခဲ့သလို မင်းသားကြီး ပြေငြိမ်းရဲ့ ဖခင်လည်းဖြစ်ပါတယ်။
ဓါတ်ပုံ-မူရင်းပိုင်ရှင်ကိုCreditပေးပါသည်
#mercury#mercurynews#ဦးမောင်မောင်မြင့်#ပြည်တွင်းသတင်း