မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ “You are my everything else” ဇာတ်ကားမှာ Kim Go-eun နှင့်အတူ အပြိုင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Park Ji Hyun (ပတ်ဂျီဟျွန်) ဟာ ချိန်းတွေ့နေပြီဆိုတဲ့ Dating Rumor (ကောလာဟလ) တစ်ခု ထွက်ပေါ်လာပေမယ့် Agency ဖြစ်တဲ့ Namoo Actors ကနေ ချက်ချင်းပဲ ငြင်းဆိုလိုက်ပါတယ်။
ဒီကောလာဟလ ထွက်ပေါ်လာရတဲ့အကြောင်းရင်းကတော့ မင်းသမီး Park Ji Hyun ကိုယ်တိုင် တင်ခဲ့တဲ့ ရေကူးဝတ်စုံနဲ့ ပုံ မှာ မှန်ထဲကနေ ဓာတ်ပုံရိုက်ပေးနေသူကို မြင်တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။
Agency ရဲ့ ပြောကြားချက်အရ “မင်းသမီး Park Ji Hyun တင်ထားတဲ့ပုံဟာ သူ အားလပ်ရက်မှာ အနားယူရင်း ရေကူးခဲ့တုန်းကပုံ ဖြစ်ပြီး၊ မှန်ထဲမှာ တွေ့ရတဲ့သူဟာ သူမရဲ့ နည်းပြဆရာရဲ့ ဇနီး ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပါတယ်။
“You are my everything else” ဇာတ်ကားမှာ ပရိတ်သတ် အားပေးမှု အများအပြားရခဲ့တဲ့ မင်းသမီး Park Ji Hyunက ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်လာမယ့် စီးရီးတွေရှိနေသေးကြောင်းလဲ သတင်းထွက်ထားပါတယ်။
#mercury#mercurynews#ကိုရီးယား#ParkJiHyun#အနုပညာ