Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သားအိမ်ခေါင်းကင်ဆာအခမဲ့ကာကွယ်ဆေး ၂၀၂၆ခုနှစ်ထဲတွင် အသက်အရွယ်တိုးမြှင့်ထိုးပေးမည်


လာမယ့် ၂၀၂၆ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ မိန်းကလေးငယ်တွေကို သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း (HPV MAC-HPV Multi- Age Cohort Vaccination) လုပ်ငန်းကို အသက် ၉ နှစ်မှ ၁၁ နှစ်အကြား အမျိုးသမီးငယ်အပြင်အသက် ၉ နှစ်မှ ၁၈ နှစ် အရွယ်အထိ အသက်အရွယ်တိုးမြှင့်ကာ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း၂၀၂၅ ခုနှစ်မှာ အသက် ၉ နှစ်မှ ၁၁ နှစ်အကြား အမျိုးသမီးငယ်၅၈၀၂၄ ဦးကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှစတင်ပြီး အသက် ၉ နှစ်မှ ၁၁ နှစ်အရွယ် မိန်းကလေးငယ်တွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV vaccine) အား နှစ်စဉ် ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု နည်းလမ်းဖြင့် ထိုးနှံပေးလျက်ရှိရာ ကျောင်းအခြေ ပြု ကာကွယ်ဆေးထိုးနှံရာမှာ လွမ်းခြုံမှုမြင့်မားပြီ အောင်မြင်မှုတွေရရှိခဲ့သော်လည်း
ပြည်သူလူထု အခြေပြုနည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံရာမှာ အားဖြည့်ဆောင်ရွက်သွားဖို့လိုအပ်လို့ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း အထိမ်း အမှတ်အခမ်းအနားကို ဒီဇင်ဘာလ၊(၆)ရက်မှာရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။