–
ရန်ကုန်မြို့ရဲ့ အစည်ကားဆုံးပွဲကြီးတစ်ခုဖြစ်တဲ့ သီတင်းကျွတ်ရေကျော်မီးထွန်းပွဲနဲ့ပွဲစျေးကြီးကို မနက်ဖြန် အောက်တိုဘာလ(၁)ရက်ကစတင် ကျင်းပဖို့ရှိတယ်။
အခုလာမယ့် သီတင်းကျွတ်အောက်တို ဘာလ(၁)ရက်မှ အောက်တိုဘာလ (၇) ရက်ထိ ၇ ရက်တိတိ ကျင်းပမယ်လို့ဆိုပါတယ်။
“ရေကျော်ပွဲဈေး ပြန်ကျင်းပမယ်ဆိုတာဟုတ်ပါတယ်။ မနက်ဖြန်အောက်တိုဘာလ(၁)ရက် ပြန်စမယ်ကြားတယ်။ချားတွေ၊ရဟတ်တွေကပြင်ထားပြီ။နောက်တစ်ရက်နှစ်ရက်လောက်ဆိုရင်စည်လာတော့မယ်”လို့ ရေကျော်ဒေသခံတစ်ဦးက Mercury News ကိုပြောပါတယ်။
သီတင်းကျွတ်ရေကျော်မီးထွန်းပွဲနဲ့ပွဲစျေးကြီးကို နှစ်စဉ်သီတင်းကျွတ်နီးချိန်မှာကျင်းပလေ့ရှိပြီး ကိုဗစ်က ရပ်နားခဲ့ရာမှ ပြီးခဲ့တဲ့နှစ်ကမှ ပြန်လည်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နေရာတွေကတော့သိမ်ဖြူလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့် (မုန့်စျေးတန်းများဖြင့်စည်ကား)၊ရေကျော်ပုဇွန်တောင်မီးပွိုင့် ( အပျော်တမ်းကစားစရာများဖြင့်စည်ကား)၊ဗိုလ်မြတ်ထွန်းလမ်း(မောင်အေးကဖီးရှေ့ အစည်ကားဆုံးနေရာ )CarParking အနေဖြင့်၀န်ကြီးများရုံးပတ်လည် နဲ့ ပုဇွန်တောင်စျေးနားတစ်၀ိုက်မှာ လိုက်ရှာကြည့်နိုင်တယ်လို့ သိရပါတယ်။
Photo Credit -မူရင်း
#mercury#mercurynews#ရေကျော်#သီတင်းကျွတ်#မြန်မာ#ပွဲဈေး