Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သီတင်းကျွတ်လပြည့်နေ့ ဗိုလ်တထောင်စေတီတော်တွင်ဆီမီး (၉၀၀၀)ထွန်းညှိပူဇော်မည်

————————————————————————-

၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၃)ရက်

ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီတော်မြတ်ကြီးမှာ အောက်တိုဘာလ(၆)ရက် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)အခမ်းအနားကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

အခမ်းအနားကိုလပြည့်နေ့မနက်ပိုင်း(၅)နာရီခွဲကစတင်လို့ စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓဆင်းတု တော်တွေကို အရုဏ်ဆွမ်း(ပန်း၊ရေချမ်း၊ဆီမီး) ဆက်ကပ်လှူဒါန်းမှာဖြစ်ပါတယ်။

မနက်(၇)နာရီမှာ နန်းဦးတန်ဆောင်းမှာ အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ကြမှာဖြစ်ပြီး မေတ္တာဘာဝနာပွားများတဲ့အခမ်းအနားအစီအစဉ်တွေပါဝင်မှာ ဖြစ်ပါတယ်။

ညနေ(၅)နာရီခွဲမှာတော့ တိုးချဲ့ဓမ္မရင်ပြင်မှာ ဆီမီး (၉၀၀၀)ဖြင့်ထွန်းညှိပူဇော်သွားဖို့ရှိပြီး အများပြည်သူပါဝင်ပူဇော်နိုင်တယ်လို့ သိရပါတယ်။

#mercurynews#Mercury#ပြည်တွင်းသတင်း#သီတင်းကျွတ်ပွဲတော်