Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်ရှိ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသည့်လုပ်ကွက်များကိုပြန်လည်သိမ်းယူ

————————–

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ၊(၈)ရက်

ပြည်မြို့မှာ သီဟိုဠ်သရက်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ သီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်ရှိ လုပ်ကွက်တွေကို ပြန်လည်သိမ်းယူလိုက်ပြီလို့ သိရပါတယ်။

အဲဒီလိုသိမ်းယူလိုက်တဲ့အကြောင်းကိုနိုင်ငံပိုင်သတင်းစာမှာဖော်ပြထားတာဖြစ်ပြီး မှော်ဇာ၊မှုတ်ရှည်ကျေးရွာ အုပ်စုရှိ မြေဧက(၃)ထောင်ကျော်ကို စိုက်ပျိုးတောင်သူတွေကို ၁၉၉၂ခုနှစ်က စိုက်ပျိုးမြေအဖြစ်လုပ်ကွက် တွေချပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၅ခုနှစ်အထိ စိုက်ပျိုးရေးအကောင်အထည်မဖော်တဲ့လုပ်ကွက်တွေကို ဥပဒေအရပြန်လည်သိမ်းယူလိုက်ပြီ ဖြစ်ပြီးမည်သည့်အသနားခံစာမှ လက်မခံဘူးလို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။