Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သံလွင်မြစ်ရေကြီးတာကြောင့် ဘားအံမြို့ မြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

၂၀၂၅၊ဇူလိုင်လ၊၂၇ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော် အထိ ရောက်ကာ မြို့ထဲ ရေဝင်လာတာကြောင့် မြို့ မြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတွေ ရေဘေးလွတ်ရာ ပြောင်းနေကြရပြီလို့ သိရပါတယ်။

မြို့ထဲက နေရာတစ်ချို့မှာ ရေဝင်နေပြီး တိုင်းရင်းဆေးရုံ၊ ရွှေကြက်ဖလမ်းဆုံ၊ ၁၀ အိမ်စု၊ ရွှေဖားစည်အိမ်ရာတွေမှာလည်း ရေဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ မြေနိမ့်ပိုင်းရပ်ကွက်က ဒေသခံတွေက ရေဘေးလွတ်ရာရွေ့နေပြီး ကယ်ဆယ်ရေးတွေကလည်း ကူညီရွေ့ပြောင်းပေးနေတယ်လို့ မြန်မာနိုင်ငံလူမှုကူညီရေးအသင်း ဘားအံရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဓာတ်ပုံ-C Phaung (Hpa-an), မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေး (ဘားအံ)

#mercury#mercurynews#သံလွင်မြစ်ရေ#စိုးရိမ်ရေမှတ်အထက်#ဘားအံရေကြီး