Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဟားဗတ်တက္ကသိုလ်အတွက် နိုင်ငံခြားကျောင်းသားလက်ခံမှုကို သမ္မတထရမ့်အစိုးရရပ်ဆိုင်း

၂၀၂၅၊မေလ၊၂၃ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံခြားသားကျောင်းသားများကို လက်ခံခွင့်မပြုတော့ကြောင်း ဟားဗတ်တက္ကသိုလ်အား မေလ ၂၂ ရက်တွင် အကြောင်းကြားခဲ့ပြီး၊ အဆိုပါဆုံးဖြတ်ချက်ဟာ တက္ကသိုလ်ရဲ့ လုပ်ဆောင်မှုအပေါ် အကြီးအကျယ် သက်ရောက်နိုင်စွမ်းရှိသည့် ဖိအားတစ်ခုအဖြစ် သက်ရောက်လာနေကြောင်း The New York Times သတင်းမှာ ဖော်ပြထားပါတယ်။

ဟားဗတ်တက္ကသိုလ်ဟာ ထရမ့်အစိုးရရဲ့ တောင်းဆိုချက်များကို လိုက်နာရန် စိုးရိမ်စရာဖိအားများကြုံလာရပြီး၊ ယင်းဆုံးဖြတ်ချက်ဟာ တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသားဦးရေ လေးပုံတစ်ပုံခန့်ကို ထိခိုက်စေနိုင်သည့်အပြင်၊ သက်တမ်းအရင့်ဆုံးနှင့် အချမ်းသာဆုံး တက္ကသိုလ်အဖြစ် သတ်မှတ်ခံထားရတာကိုလည်း ထိခိုက်စေသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

နိုင်ငံခြားသားကျောင်းသား ၆,၈၀၀ ခန့်ရှိခဲ့တဲ့ ၂၀၂၄-၂၅ ပညာသင်နှစ်တွင်ပါဝင်နေတဲ့ ကျောင်းသားများအပါအဝင်၊ အနာဂတ်မှာ လာရောက်မည့်ကျောင်းသားများအားလုံးအပေါ် သက်ရောက်မယ့် အမိန့်ဖြစ်ကြောင်းလည်း သက်ဆိုင်ရာ သတင်းမှာ ဖော်ပြထားပါတယ်။ ယင်းအမိန့်အပေါ် တက္ကသိုလ်ဘက်က တရားစွဲဆိုမှုအလားအလာလည်း ရှိနေသဖြင့် ထရမ့်အစိုးရနှင့် ဟားဗတ်အကြား ညှိနှိုင်းမှုများ ပိုမိုကြမ်းတမ်းလာနိုင်တာမျိုးရှိနေပါတယ်။

#mercury#mercurynews#အမေရိကန်#Havard#ပညာရေး