Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အကျဉ်းသား (၆၁၃၄)ဦးကို လွတ်ငြိမ်းဖြင့်လွှတ်၊ နိုင်ငံခြားသား(၅၂)ဦး

ကိုလည်း ပြန်လွှတ်

————————————————————————————-

၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၅)ရက်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာအကျဉ်းသား(၆၁၃၄)ဦးကို လွတ်ငြိမ်းဖြင့်လွှတ်လိုက် တယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူထဲမှာ အရင်ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်၊ သရုပ်ဆောင်နန်းမွေစံတို့လည်း ပြန်ပါလာတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံခြားသားအကျဉ်းသား၊အကျဉ်းသူ(၅၂)ဦးလည်းလွှတ်လိုက်တယ်လို့ဆိုပါတယ်။

နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက အဲဒီ့ပြစ်ဒဏ်အပြင်အရင်ကျန်ရှိတဲ့ပြစ်ဒဏ်ပါဆက်လက်ကျခံပါမယ် ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#အကျဉ်းသား#လွတ်ငြိမ်းချမ်းသာ

Oplus_131072