၂၀၂၅ခုနှစ်၊အောက်တိုဘာလ၊(၂၈)ရက်
အဒေါ်ဖြစ်သူနဲ့တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတစ်ဆယ်ကျပ်သားတစ်တုံးနဲ့ ငွေသိန်း၁၀၀ယူဆောင်ခဲ့တဲ့ အမျိုးသမီးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တူဖြင့်ထုခံရတဲ့ အဒေါ်ဖြစ်သူအမျိုးသမီးကြီးဟာသေဆုံးသွားပြီးတူမဖြစ်သူမှာဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းဆီးရမိတရားခံ စိုးစိုးထွန်းရဲ့ ထွက်ဆိုချက်အရ အဒေါ်ဖြစ်သူသေဆုံးသူ ဒေါ်ခင်စိုးမြင့်ရဲ့အိပ်ခန်းအတွင်းရှိ သံသေတ္တာအား တူဖြင့်ရိုက်ဖျက်ကာ သေတ္တာအတွင်းသိမ်းဆည်းထားတဲ့“အောင်သမာဓိ” တံဆိပ်ပါ ရွှေ ၁၀ ကျပ်သားတုံး ၁ တုံး၊ အိပ်ယာပေါ်ရှိ ငွေကျပ်သိန်း ၁၀၀ တို့ကို ယူဆောင်ကာ ပြင်ဦးလွင်မြို့သို့ ပြန်လာခဲ့ကြောင်း၊ အောက်တိုဘာ ၂၆ ရက်မှာ ဒေါ်ခင်စိုးမြင့် နေအိမ်မှ ယူဆောင်လာတဲ့ ရွှေတုံးအားရောင်းချကာ ၎င်းချေးငှားထားတဲ့ ငွေကြေးများ ပြန်လည်ပေးဆပ်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
#mercury#mercurynews#မြန်မာ#မှုခင်း#ပြည်တွင်းသတင်း
