–
အခုလကုန်မှ အောက်တိုဘာလဆန်းအထိ စစ်တောင်းမြစ်ရေကြီးနိုင်သေးလို့ သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
နေပြည်တော်(တပ်ကုန်း)ဧရိယာအတွင်းမှ စစ်တောင်းမြစ်ဝှမ်း(စစ်တောင်းမြစ်)အခြေအနေအား MEDIUM LEVEL ALERT သတ်မှတ်သတိပေးထားပြီး အောက် တိုဘာလ ၇ ရက်အထိ MEDIUM ALERT LEVEL ဆက်ရှိနေနိုင်ကြောင်း၊
ပဲခူးတိုင်းတောင်ငူခရိုင်အတွင်းမှာလည်းစစ်တောင်းမြစ်ဝှမ်း(စစ်တောင်းမြစ်)ရေကြီးနိုင်မယ့်အခြအနေသတိပေးချက် MEDIUM ALERT LEVEL တွင် အောက်တိုဘာလ ၇ ရက်အထိဆက်ရှိနေနိုင်ကြောင်း
စစ်တောင်းမြစ်ဝှမ်းတလျှောက် မိုးအသင့်အတင့်ဆက်လက်ရွာသွန်းနိုင်ပြီး၊ ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်နယ်စပ် တောင်ကြောများပေါ်မှာ မိုးသည်းထန်နိုင်မယ့်အခြေအနေဟာစစ်တောင်းမြစ်မှာ အောက်ရေတောင့်နေနိုင်ခြင်း၊ နေပြည် တော်တပ်ကုန်း(အထက်ဘက်)မှ မြစ်ရေထပ်ဆင်းလာနိုင်ခြင်းတို့ကြောင့် ပဲခူးတိုင်းအရှေ့ခြမ်းစစ်တောင်းမြစ်ဝှမ်းတလျှောက်တွင် မြစ်ရေကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်ပေါ်နိုင်ပါကြောင့်မြစ်ကမ်း ဘေးရှိအနိမ့်ပိုင်းကျေးရွာ/ရပ်ကွက်များတွင် ရေကြီးနိုင်မည့်အခြေအနေဆက်လက်ဖြစ်ပေါ်နေနိုင်ပါကြောင်း မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်း ဖော်ပြထားပါတယ်။
#Mercury#mercurynews#ပြည်တွင်းသတင်း#စစ်တောင်းမြစ်