Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အင်းစိန် ရွှေပြည်သာစက်မှုဇုန်တွင် ယာဉ်တိုက်မှုဖြစ်ပွား

၂၀၂၅၊အောက်တိုဘာလ၊၂၁ရက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃)၊ ဦးရွှေဘင်လမ်းနှင့် ဦးရွှေအိုးလမ်းထောင့်မှာ ယနေ့ (အောက်တိုဘာ ၂၁) ရက်၊ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်နေရာကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီး ချက်ချင်းထွက်ခွာကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး နံနက် ၉ နာရီ ၁၅ မိနစ်အချိန်မှာ ယာဉ်ရဲ့ခေါင်းခန်းအတွင်း ညပ်နေတဲ့ အမျိုးသား (၁) ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ)ရခဲ့တဲ့ အဆိုပါအမျိုးသားကို ကနောင်လူမှုကယ်ဆယ်ရေးအသင်းမှလူနာတင်ယာဉ်နဲ့ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

#Mercury#mercurynews#ယာဉ်တိုက်မှု#မှုခင်း #