ဂါဇာစစ်ရပ်စဲရေးရဲ့ ပထမအဆင့်အဖြစ် ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ ဟားမားစ်က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံ (၇) ဦးကို ယနေ့မှာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း အစ္စရေးနဲ့ ဟားမားစ် နှစ်ဖက်စလုံးက အတည်ပြု ပြောကြားလိုက်ပါတယ်။
ဓားစာခံများ လွှဲပြောင်းပေးအပ်ခြင်း လုပ်ငန်းစဉ်ကို နိုင်ငံတကာ ကြက်ခြေနီအသင်း (ICRC) ရဲ့ အကူအညီဖြင့် အကောင်အထည် ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရှိသော ဓားစာခံများကိုလည်း အသုတ်လိုက် ဆက်လက် လက်လွှဲယူနိုင်ရန် စီစဉ်ထားကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လွတ်မြောက်လာသူ (၇) ဦးရဲ့ အမည်စာရင်းကို တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ လူမှုကွန်ရက်မှတစ်ဆင့် ‘အိမ်ကနေ ကြိုဆိုပါတယ်’ ဟု ကြိုဆိုရေးသားခဲ့ပါတယ်။
ပထမအသုတ်အဖြစ် ပြန်လည်လွတ်မြောက်လာသည့် ဓားစာခံ (၇) ဦးကို ကြက်ခြေနီအဖွဲ့ရဲ့ မော်တော်ယာဉ်များနဲ့ ဂါဇာဒေသအတွင်းရှိ လူအုပ်ကြီးကြားမှ ဖြတ်သန်းကာ လွှဲပြောင်းပေးခဲ့တဲ့ ဓာတ်ပုံများမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိပါတယ်။
ကိုးကား – BBC ၊ ဓာတ်ပုံ – AP
#mercury#mercurynews#အစ္စရေး#ဓားစာခံ#နိုင်ငံတကာသတင်း#ဂါဇာ