————————————————————————————
၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ၊(၂၀)ရက်
အခုဖေဖော်ဝါရီလထဲမှာပဲ ကမ္ဘာ့မြောက်ခြမ်းက အပူဆုံး(၁၅)မြို့စာရင်းမှာ မြန်မာနိုင်ငံရဲ့ မြို့နှစ်ခုပါဝင်လာတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံထဲက မကွေးတိုင်းမင်းဘူးမြို့နဲ့ချောက်မြို့တို့ပါဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ(၁၉)ရက်တိုင်းတာချက်အရ မင်းဘူးမြို့က ၃၉ဒီဂရီစင်တီဂရိတ်နဲ့ ကမ္ဘာ့မြောက်ခြမ်းအပူဆုံးအဆင့်(၇)နေရာနဲ့ ချောက်မြို့က ၃၈.၈ဒီဂရီစင်တီဂရိတ်နဲ့ကမ္ဘာ့မြောက်ခြမ်းအပူဆုံးအဆင့်(၈)နေရာမှာရှိတယ်လို့ သိရပါတယ်။
